စွန့်ပစ်ခံကလေးများအတွက် ဂေဟာဆောက်ပေးမယ့်အလှူရှင်ရှိလာပြီလို့ပြောပြလာတဲ့ ခိုင်နှင်းဝေ

စွန့်ပစ်ခံကလေးငယ်လေးတွေကို ကိုယ့်ရင်သွေးလေးတွေလို သဘောထားပြီး ပြုစုစောင့်ရှောက်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ဂေဟာကို မရှိခဏ ဆရာတော် ဘုရားကြီး ကြွလာ အပူဇော်ခံပြီး ဆရာတော် ဘုရား ရဲ့ သား လွိုင်ခမ်း အဆင့်မြင့် အိမ်ရာ စီမံကိန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းရွက် မှ အလှူငွေ ဆယ်သိန်းလှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

ဒါ့အပြင် ဂေဟာက သူမရဲ့ ဝန်ထမ်းတွေ အတွက်မုန့်ဖိုး ၂သိန်းကျပ် ကိုလည်း လှူဒါန်းပေးပါသေးတယ် ။ ကိုစိုင်း က တောင်ကြီးမြို့မှာ သူမ ဂေဟာ ဆောက်လုပ်ရန် အတွက် မြေဧက ကျယ်နဲ့ အဆောက်အဦး ဆောက်လုပ် လှူဒါန်းပေးမည်ဟု ကမ်းလှမ်းခဲ့တဲ့အတွက်ကြောင့် အနာဂတ် စွန့်ပစ်ခံ ကလေးများအတွက် သူမအတိုင်းမသိဝမ်းသာခဲ့ရကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

ခိုင်နှင်းဝေကတော့ ရန်ကုန် နဲ့ တောင်ကြီး အပြင် အခြားမြို့တိုင်းမှာ ဂေဟာတွေ ဖွင့်နိူင်ပြီး သာသနာ ပြုမယ့် သားသမီးများ မွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းမိပါရှင် ဆိုတဲ့စာသားလေးနဲ့ အလှူရှင်တွေကိုဆုမွန်ကောင်းပေးထားပါသေးတယ် ။ ပရိသတ်တွေကလည်း ကလေးတွေအတွက်ဂေဟာ ဆောက်လုပ်နိုင်တော့မှာဖြစ်လို့ သူမနဲ့ထပ်တူ ဝမ်းသာပီတိဖြစ်နေကြမယ်ထင်ပါတယ်နော် ။

Source : Khin Hnin Wai
Emily (Cele Gabar)

Add a Comment

Your email address will not be published. Required fields are marked *