ယုံယုံကြည်ကြည်နဲ့လာအပ်သွားတဲ့ HIV ရောဂါသည်ကလေးလေးကို တတ်နိုင်သမျှကူညီစောင့်ရှောက်ပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ

မိဘမဲ့ရင်သွေးလေးများဂေဟာဖွင့်ကာ ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ခိုင်နှင်းဝေကတော့ ကလေးတွေကို ထပ်ပြီးလက်မခံသေးဖို့ ဆုံးဖြတ်ထားပေမယ့် မကြာသေးခင်က မိခင်ကိုယ်တိုင်လာအပ်တဲ့ကလေးတစ်ယောက်ကို လက်ခံခဲ့ရတဲ့အပြင် အခုတစ်ခေါက်မှာလည်း HIV ရောဂါပိုးရှိတဲ့ကလေးငယ်တစ်ယောက်ကို စောင့်ရှောက်ဖို့ ထပ်မံလက်ခံခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

” အဖေနဲ့ အမေကတော့ HIV ကူးစက်ရောဂါနဲ့ပဲ ဆုံးပါးသွားပြီး..ကလေး အမေ မသေခင် ကျမဆီ ဖုန်းဆက်လက်ထဲ အပ်ခဲ့လို့ မိခင် ရက်လည်အပြီးမှာပဲ သွားခေါ်ဖြစ်ခဲ့ပါတယ်..ကံဆိုးလွန်းတဲ့ သမီးလေးမှာလဲ + ဖြစ်နေလို့ စိတ်မကောင်းစွာနဲ့ပဲ HIVကူညီ ကယ်ဆယ်တဲ့ အသင်း “ဆည်းဆာ ရောင်ခြည်”ဆီမှာ ပို့ထားရပါတယ်.. ကလေးအတွက် ဆေး ရရှိရေး..ကျန်းမာရေး ပြန်ကောင်းဖို့ တတ်နိုင်သမျှ ကြိုးစားပေးပြီး ကျန်းမာလို့ ကျောင်းတက်အရွယ် ရောက်တဲ့ အထိ ကျမ တာဝန်ယူ စောင့်ရှောက်ပေးသွားပါမယ် ရှင်” ဆိုပြီးရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေကတော့ ကျန်ရစ်တဲ့ အဘွားဖြစ်သူအတွက်လည်း တတ်နိုင်သလောက် ဆန်၊ဆီ၊ မုန့် ၊ ငွေကြေးကူညီ ထောက်ပံ့ပေးခဲ့ပါသေးတယ်။

ဒီကလေးလေးကို တွေ့ပြီးနောက်မှာတော့ ကျန်းမာတဲ့ ကလေးတွေသာမက အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ရောဂါခံစားနေရတဲ့ ကလေးတွေအတွက်ပါ ကယ်တင် စောင့်ရှောက်ပေးနိုင်ဖို့ အရိပ် တစ်နေရာ ဖန်တီးချင်စိတ် ပြင်းပျနေတဲ့အကြောင်း မျှဝေခဲ့ပါတယ်။ ဒါ့အပြင် ဒီသမီးလေးကိုကြည့်ရင်း ထပ်မံကြိုးစားဖို့အတွက် စိတ်ခွန်အားတွေလည်း ရရှိခဲ့ပါတယ်တဲ့..ပရိသတ်ကြီးကိုလည်း သမီးလေး အသက်ရှင်ရပ်တည်သွားနိုင်ဖို့လည်း ဝိုင်းဝန်းဆုတောင်းမေတ္တာလေးတွေ နဲ့ ဆုတောင်းပေးကြဖို့ တိုက်တွန်းရေးသားခဲ့ပါတယ်။

Source – Khine Hnin Wai
Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *