ဘဝရဲ့အမှတ်တရပုံရိပ်တွေဘေးမှာ အဖေနဲ့အမေပုံလည်း ရှိစေချင်တယ်ဆိုတဲ့ A4 ကျော်စွာ

ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ ကြံရည်ရောင်းရင်း ဝါသနာပါရာ Free Style Rap တွေရွတ်ခဲ့သူ A4 ကျော်စွာကတော့ ယုန်လေးရဲ့လက်တွဲကူညီမှုနဲ့အတူ ပရိသတ်အသိမှတ်လက်ခံခြင်းရရှိခဲ့သူပါ။ မိဘမဲ့တစ်ယောက်မို့ ဘဝကို ခက်ခဲပင်ပန်းစွာ ရုန်းကန်ရှင်သန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ နေစရာတိုက်ခန်းလေးတစ်ခု ငှားထားနိုင်ပြီဖြစ်တဲ့အပြင် ဝါသနာပါရာသီချင်းတွေလည်း လုပ်နေနိုင်ပြီဖြစ်ပါတယ်။

ယုန်လေးနဲ့အတူ “ဝမ်းစာ” “စိတ်ကူး” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ကိုဗစ်ကာလအတွင်းမှာ သီဆိုခဲ့ပြီး ပရိသတ်အသိမှတ်ပြုအားပေးခြင်းကို ရရှိခဲ့ပါတယ်။ ဒီသီချင်းလေးတွေနဲ့ ဘဝရဲ့မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တဲ့ ကျော်စွာကတော့ သီချင်းဓာတ်ပုံလေးတွေကို မှန်ဘောင်လေးနဲ့အိမ်ရှေ့ခန်းမှာ ချိတ်ဆွဲရင်း ဖြစ်ပေါ်လာတဲ့ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။

” ကျွန်တော်အတွက် အမှတ်တရဖြစ်စေတဲ့ ဝမ်းစာ^ စိတ်ကူး^ ပုံလေးတွေကြည့်ပြီး အဲ့ပုံလေးတွေရဲ့ဘေးမှာ ကျွန်တော့်အဖေနဲ့အမေပုံလေး ရှိချင်လိုက်တာဗျာ ဒါပေမယ့်သေချာတာတစ်ခုက လုံးဝမဖြစ်နိုင်တော့ပါဘူး… ကိုကြီးယုန်လေးပြောသလို စိတ်ကူးလေးပဲယဉ်ခွင့်ရှိပါတယ်” ဆိုပြီး မိဘမဲ့တစ်ယောက်ရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်လိုမိဘမဲ့တွေကို ယုန်လေးနဲ့အတူတူ ကူညီလက်ကမ်းနိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် A4 ကျော်စွာရေ..

Source – Kyaw Swar
Rainbow- Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *