ဒီလိုအချိန်မှာ ကိုယ့်ပါးစပ်တစ်ပေါက်ထဲဆိုရင်တော့ ချေမိုးစားလို့ရတယ်ဆိုတဲ့ လင်းလင်း

မိန်းကလေးရှုံးလောက်အောင် သွယ်လျလှပပြီး ပျိုမြစ်နုနယ်တဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူကတော့ လင်းလင်းပါ။ သူကတော့ မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်ရိုက်ကူးလာရသူတစ်ယောက်ပါ။

စိတ်ကောင်းရှိပြီး အမြဲပျော်ပျော်နေတတ်တဲ့လင်းလင်းကတော့ ကိုဗစ်ကပ်ရောဂါပိုးကြောင်း သုံးလပိုင်းကတည်းက စပြီး မိတ်ကပ်မလိမ်းခဲ့ရတော့ဘဲ ဝင်ငွေမရှိတော့ပေမယ့် ကိုယ့်ဆီက တပည့်လေးတွေအတွက် ဆက်လက်ရပ်တည်နေခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ” ကိုယ့်တစ်ပေါက်တည်းဆိုရင်တော့ ချေမိုးစားလို့ရတာပေါ့.. ကိုယ့်မှာက Assistant တွေရှိတယ်.. ကိုယ့်ရဲ့တပည့်သားမြေးတွေရှိတယ်.. ဒီဟာတွေကို မှီစားနေရတဲ့မိသားစုတွေရှိတယ်ဆိုတော့ ဒါတွေကိုလည်း ကိုယ်ကပြန်ကြည့်ရသေးတယ်လေ.. ဒီအချိန်မှာ ကိုယ့်တစ်ယောက်တည်းဆိုရင်တော့ သုံးနှစ်လည်းရတယ်.. လေးနှစ်လည်းရတယ်..

ကိုယ့်တပည့်လေးတွေ ကိုယ်အလုပ်များတဲ့အချိန်မှာ အကျိုးပြုခဲ့တဲ့သူတွေကို ကိုယ် ဒီအချိန်မှာ ပြန်ကြည့်ရတာပဲလေ.. ဒါကတော့ လူသားဆန်စွာ တွေးမိတာပါ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ အခုလိုအချိန်မှာတော့ လုပ်ငန်းတော်တော်များများ ပုံမှန်ပြန်မလည်ပတ်နိုင်သေးတာကြောင့် လုပ်ငန်းရှင်တွေလည်း များစွာထိခိုက်နေကြတာ အမှန်ပါ။ လင်းလင်းကတော့ အခုလို ခက်ခဲနေတဲ့ကာလကြီးမှာ စိတ်ကိုပျော်အောင်ထားတဲ့အပြင် အကောင်းမြင်စိတ်လေးနဲ့ပဲနေထိုင်နေကြောင်း အင်တာဗျူးလေးမှာ ဖြေကြားထားတာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *