စက်တင်ဘာလ (၁၀) ရက်နေ့ရန်ကုန်ဆေးရုံကြီးမှာထမင်းဘူးတွေ လှူဒါန်းသွားမယ့် အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေချစ်ခင်အားပေးလာခဲ့ရတဲ့ သရုပ်ဆောင် အိစိကွေးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်တတ်ပြီး စက်တင်ဘာလ (၁၀) ရက်နေ့မှာလည်း လှူဒါန်းမှုတွေ ပြုလုပ်သွားဦးမယ်လို့သိရှိရပါတယ် ။ အိစိက သူ့ရဲ့လှူဒါန်းမှုမှာ ပရိသတ်တွေလည်း ပါဝင်နိုင်ဖို့အတွက်လည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးလာခဲ့ပါတယ် ။

စက်တင်ဘာလ (၁၀) ရက်နေ့ မနက်ဖြန်မှာ ရန်ကုန်ဆေးရုံကြီးမှာ သွားရောက်ပြီး ထမင်းဘူးတွေ လှူဒါန်းသွားမှာဖြစ်ပြီး သဒ္ဒါတရားထက်သန်တဲ့သူတွေလည်း အိစိတို့နဲ့ အတူ ပူးပေါင်းလှူဒါန်းနိင်ပါတယ် လို့ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။ အိစိနဲ့အတူ ဒီအလှူလေးမှာ ပါဝင် လှူဒါန်းလိုရင်တော့ Eisi Kway Messenger ကနေ KBZ Pay , Wave Pay အကောင့်များကို လာရောက်မေးမြန်းစုံစမ်းပြီး လှူဒါန်းနိင်ပါတယ်လို့လည်း ရေးသားဖော်ပြထားပါသေးတယ် ။

ပရိသတ်တွေကတော့ ကိုဗစ်ကာလမှာ ဆေးရုံသွားတာ ဂရုစိုက်ဖို့အတွက် မှတ်ချက်လေးတွေရေးသားထားကြတာတွေ့ရပါတယ် ။ ပရိသတ်ကြီလည်း အိစိနဲ့အတူတူ ကုသိုလ်ယူချင်တယ်ဆိုရင်တော့ မနက်ဖြန်မှာလှူဒါန်းမယ့် ထမင်းဘူး အလှူလေးမှာပါဝင် လှူဒါန်းနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Add a Comment

Your email address will not be published. Required fields are marked *