နားထောင်ပြီး တစ်စုံတစ်ယောက်ကို အရမ်းလွမ်းသွားစေမယ့် ဖြိုးလေးရဲ့ သီချင်းအသစ် Music Video

Snare အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်ဖြိုးလေးက သူ့ရဲ့သီချင်းသစ် လေးတစ်ပုဒ်ကို ပရိသတ်တွေကို ချပြလာခဲ့ပါတယ် ။ ဒီသီချင်းလေးကို Joox မှာတင်ထဲက ပရိသတ်တွေ အရမ်းကြိုက်ခဲ့ကြပြီး Music Video ထွက်လာတဲ့အချိန်မှာလည်း တစ်ခဏလေးအတွင်းမှာ ပရိသတ်တွေ အရမ်းကိုအားပေးလက်ခံခဲ့ကြတဲ့ သီချင်းလို့ဆိုရမှာပါ ။

သီချင်းနာမည်လေးက လွမ်း လို့အမည်ရပြီး ဖြိုးလေးကိုယ်တိုင် သီဆို သရုပ်ဆောင်ထားတာဖြစ်ပြီး လမ်းခွဲခဲ့တဲ့ကောင်မလေးကို ပြတ်စဲပြီး တစ်နှစ်ကျော်ကြာတဲ့ထိ မမေ့နိုင်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့နေရာက သီဆိုထားတာဖြစ်ပါတယ် ။ ပရိသတ်တွေအားလုံးကတော့ ဒီသီချင်းကိုနားထောင်ပြီး သူတို့ရဲ့ မေ့မရနိုင်တဲ့ တစ်စုံတစ်ယောက်ကို လွမ်းသွားစေတယ်ဆိုတဲ့ မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။

တစ်စုံတစ်ယောက်ကို လွမ်းနေတဲ့သူတွေ အတွက်တော့ ဖြိုးလေး ရဲ့သီချင်းက သူတို့ရဲ့အတိတ်တွေဆီကို ပြန်လည်ခေါ်ဆောင်သွားမယ်ဆိုတာ အသေချာပါပဲ ။ နားမထောင်ရသေးတဲ့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဖြိုးလေးရဲ့ သီချင်းသစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Add a Comment

Your email address will not be published. Required fields are marked *